အိမ်

ဧဝံဂေလိဝေစာနှင့် သမ္မာကျမ်းစာအသင်းဝဘ်ဆိုဒ်မှ ကြိုဆိုပါတယ်။

ဝေစာများ

ကြောက်ရွံ့ခြင်းဆိုသည်မှာအဘယ်နည်း ဘုရားသခင်ကိုကြောက်ရွံ့ခြင်း အနာဂတ်ကိုကြောက်ရွံ့ခြင်း ကျရှုံးခြင်းကိုကြောက်ခြင်း ဒုက္ခဆင်းရဲခြင်းကိုကြောက်ရွံခြင်း သေခြင်းတရားကိုကြောက်ရွံ့ခြင်း ကြောက်ရွံ့ခြင်းသည် လျှို.ဝှက်သောရန်သူကဲ့သို့ဖြစ်၏။ ခေတ်ကာလ အဆက်ဆက်နှင့် လူမျိုး အဆက်ဆက်တိုင်းနှင့် ခပ်သိမ်းသော လူသားတို့ ဘဝထဲသို့ ဝင်ရောက်ကျုးကျော်ပြီး အနှောင့်ယှက်ပေးလျက်ရှိနေပါသည်။ ယင်းကြောက်ရွံ့ ခြင်းသည် လိမ်မာပါးနပ်ပြီး လွန်စွာ ဖျက်ဆီးစေတတ်သည်။လူသားတို့ စဉ်:စားဉာဏ်ထဲသို့ အဆိပ်အတောက်သဖွယ် ပျံ့နှံ့လျက်နေ၏။ လူတို့၏ ငြိမ်သက်ချမ်းသာခြင်းကို လုယူသိမ်းပိုက်သည့် အတွက် လူသားတို့၌ ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်သန်ရေးအမှုများမှာ တစ်စတစ်စ ပျောက်ကွယ် သွာ:စေပါသည်။ ယင်းသည် ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်သော သူများအထိတ်တလန့်ဖြစ်သောသူများ စိတ်ဝေဒနာရှိသောသူများ၀မ်းနည်းသောသူများနှင့် သူရဲဘောနည်းသောသူများ ဖြစ်စေ၍ အဆင်မပြေမှုများ နှင့် မလိုလားအပ်သော အရာများကိုသာ ခံစားစေပါသည်။ ကျွန်ုပ်တို့သည် ရှုပ်ထွေးသည့် အမှုကိစ္စများ! အပြောင်းအလဲများ! ကျရှုံးမှုများနှင့် စိတ်ပျက်စရာ အမှုများကို ကြောက်ရွံ့ တတ်ကြပါသည်။ လူတစ်ချို့ တို့သည် ဖျားနာခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတို့ကို ကြောက်ကြ၏။ တစ်ချို့တို့မှာ သူတို့ချစ်ရသောသူတို့အပေါ်သို့ ထိခိုက် နှစ်နာမှုများကျရောက်မည်ကို ကြောက်ကြသည်။ တစ်ချို့တို့မှာ တခြားသောလူများနှင့် အခြားသောခံယူချက်များကို ကြောက်ကြသည်။ အခြားသောသူတို့မှာ အမှောင်(သို့) အထီးကျန်ခြင်းကို ကြောက်ကြသည်၊ များစွာသော လူတို့သည် သေခြင်းနှင့် သေပြီးနောက် သူတို့မသိရှိနိုင်သော အရာများနှင့် ရင်ဆိုင်တွေ့ဆုံရမည့် အဖြစ်ကို ကြောက်နေကြသည်။ မိမိ၏ ကယ်တင်ခြင်းအပေါ် စိတ်ချမှုမရှိဟု ကြောက်ရွှံ့သောသူများ (သို့) မိမိတို့၏ အပြစ်ဒုစရိုက်များကို ဘုရားသခင် ခွင့်မလွှတ်မည်ကို ကြောက်ရွှံ့သောခရစ်ယာန်များစွာ ရှိကြပါသည်; သူတို့သည် သေခြင်းကိုသာ ကြောက်ရွှံ့ ကြသည် မ

5 minutes

မိတ်ဆွေ..”ငါသာ အကြွင်းမဲ့ လွတ်လပ်ခွင့်ရရင် သိပ်ပျော်မိမှာပဲ။ စိတ်လည်း ငြိမ်းချမ်းလိမ့်မယ်”ဟူ၍ တွေးဖူးပါသလား။ လူများစွာသည် ပျော်ရွှင်ခြင်းနှင့် စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ဖို့ငှာ အလုံးစုံလွတ်လပ်မှုကို ရှာဖွေကြသည်။ လူတို့သည် ဆင်းရဲခြင်းဒုက္ခအပေါင်းမှ ကင်းဝေးလိုကြသည်။ စိတ်ရှိတိုင်းသာ လုပ်ခွင့်ရလျှင် ပျော်ရွှင်ခြင်းကို ရလိမ့်မည်ဟု ယုံကြည်ကြသည်။ မှန်ပါမည်လော။ အရက်ဘား၏ မှိန်ပြပြ မီးရောင်အောက်မှ ရယ်မောသံများနှင့် စိတ်လွတ်ကိုယ်လွတ် ကဲလို့ရသည့် ပတ်ဝန်းကျင်သည် ပျော်ရွှင်ခြင်း အတိတ်နမိတ်နှင့် လူများစွာအဖို့ ဆွဲဆောင်မှုကောင်းလှပေသည်။ လူငယ်များစွာသည် ဘီယာပုလင်းများ၊ စီးကရက်များ၊ ကားများနှင့် ညလုံးပေါက်အတူကဲမည့် အပေါင်းအဖော်များပါလျှင် ပျော်ရွှင်ခြင်းကိုရမည်ဟု ယုံကြည်ကြသည်။ သည်ဝန်းကျင်အခြေအနေသည် လူတို့ ရှာဖွေနေသည့် စိတ်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို မပေးစွမ်းနိုင်ပါ။ ဆေးခြောက်၊ စိတ်ထင်ယောင်ထင်မှား ဖြစ်စေသည့် မူးယစ်ဆေးများနှင့် ဘိန်းဖြူများသည် အံ့ဩဘနန်း ရေချိန်ကိုက်လွင့်မျောမှုကို ပေးစွမ်းနိုင်သည်။ ဤအရာသည် ပျော်ရွှင်ခြင်းကို ဖြစ်စေ၍ ထိုပျော်ရွှင်မှုနှင့်အတူ စိတ်ငြိမ်းချမ်းမှုကိုပါ ရရှိလိမ့်မည်ဟု ကျွန်တော်တို့ တွေးမိမှာ သေချာသည်။ ဤသို့ မှန်ပါမည်လော။ လူ၏ စိတ်နှင့် ခန္ဓာကို ထိုးဖောက်လွှမ်းမိုးနိုင်စွမ်းသော ခေတ်သစ်ဂီတသည် အရက်၊ မူးယစ်ဆေးတို့နှင့် ပေါင်းစပ်သည့်အခါတွင် ယစ်မူးရှိန် အထွတ်အထိပ်သို့ ပိုရောက်စေသည်။ သည်အရာသည်လည်း စစ်မှန်သော ပျော်ရွှင်ခြင်းကို မပေးစွမ်းနိုင်ပါ။ တချို့ကမူ မိမိကိုယ်ကိုယ် ချုပ်တည်းရန် မစဉ်းစားဘဲ ကာမတဏှာကို အစွမ်းကုန်ခံစားလျှင် အလိုဆန္ဒပြည့်ဝမှုကို ရလိမ့်မည်ဟု တွေးကြသည်။ ၎င်းသည် အနှစ်သာရမဲ့မှုနှင့် စိတ်ပျက်ခြင်းကိုသာ ဖြစ်စေသည်။ ပျော်ရွှင်ခြင်းကို ဤနေရာတွင် ရှာမတွေ့နိုင်။

2 minutes

ကျွန်ုပ်တို့၏တိုင်းပြည်အတွက်၊ ကျွန်ုပ်တို့၏ အိမ်ထောင် မိသားစုတို့အတွက်၊ အထူးသဖြင်.ကျွန်ုပ်တို့၏ စိတ်နှလုံးအတွက် ငြိမ်သက်ခြင်း အသက်တာသည် အဘယ်မှာနည်း၊ ပြင်းထန်သော ဤငိုကြွေးသံသည် ခေတ်အဆက်ဆက်၌ပဲ့တင်ရိုက်ခတ်ခဲ့လေပြီ၊ ဤကမ္ဘာပေါ်တွင်လေပြင်းမုန်တိုင်းနှင့် ထိတ်လန့်ဖွယ်ရာများ ပို၍ဖြစ်ပေါ် လာသည်နှင့်အမျှ ယင်းငိုကြွေးသံသည်လည်း ပို၍ပြင်းထန်လာပါသည်၊ ထိုအရာသည် သင့်နှလုံးသား၏ငိုကြွေးသံများ ဖြစ်နေပါသလား၊ မကျေနပ်စရာအကြောင်းများ အနှောက်အယှက်နှင့် ဆူပူလှုပ်ရှားမှုများဖြင့်လွမ်းမိုးနေသည့် အလယ်၌သင်သည် အရာအားလုံးကို ကျော်လွားနိုင်သော စိတ်နှလုံးငြိမ်သက်ခြင်းကို လိုလားတောင့်တပါသလား အဆုံးမရှိသော အောင်မြင်ခြင်းသည် ကမ္ဘာကိုပို၍လုံခြုံစေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည် လူအချို့သည် သူတို့၏မိဘများ၏ ဘဝထက်သာ၍ အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာနည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိပဲ သာ၍ပင် ခက်ခဲသောသူများဖြစ်ကြရသည်၊ စိတ်ပင်ပန်း၍သောကရောက်နေကြသည်၊ အထက်ပါမေးခွန်းကိုဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။ စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော ဘဏ္ဍာပင်မဟုတ်ပါလော။ လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊ မျော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊ အနှောက်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့် များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ်တွေ့ရှိ နိုင်ပါမည်လား၊ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်း အခွင့်အလမ်းများကို၎င်း၊ ပျော်ရွင်သာယာခြင်းနှင့် ဩဇာ အာဏာတို့ကို၎င်း ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို၎င်း၊ ကျယ်ကျယ်ပြန့်ပြန့် အသဲအသန်ရှာဖွေနေကြပါသည်။ အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။ သို့သော်သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ်ကျန်ရစ်စေကြသည်။ အချို့သောသူတို့သည် သေရည် သေရက်သောက်စားခြင်းအားဖြင့် စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။

2 minutes

ဖန်ဆင်းရှင် အမှန်ရှိသလော။ ဘုရားသခင်၊ သို့မဟုတ် စကြာဝဠာအုပ်စိုးရှင်သည် အမှန်ရှိ၏လော။ အမှန်ရှိကြောင်း မည်သို့ သိနိုင်မည်နည်း။ ဤမေးခွန်း၏အဖြေသည် အရေးကြီးဆုံးသော အဖြေဖြစ်သည်။ အဘယ့်ကြောင့်မူ ဖန်ဆင်းရှင် အမှန်တကယ် ရှိသည်ကို မသိကျိုးကျွန်ပြုလျှင် မည်သို့သော အကျိုးဆက်များ ခံရမည်နည်းဟူသော အချက်ကြောင့် ဖြစ်သည်။ ဤအဖြေကို စူးစမ်းရှာဖွေနေသည့် မေးခွန်းပေါင်းများစွာ ရှိသည်။ ဤလောကသို့ အဘယ့်ကြောင့် ရောက်နေရသနည်း။ မိမိသည် မည်သည့်အရပ်က လာသနည်း။ တမလွန်ဘဝတွင် မည်သို့ဖြစ်ပျက်မည်နည်း။ ဘဝရည်ရွယ်ချက်အမှန်သည် အဘယ်နည်း။ မိမိ၏ ဖြစ်တည်မှုအတွက် အကြောင်းရင်းမှန် တစ်ခုခုတော့ ရှိရမည်။ လူတို့သည် ခေတ်အဆက်ဆက်တွင် မိမိတို့ထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ကိုးကွယ်ဆည်းကပ်ရမည်ဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ ရှေးခေတ်ယဉ်ကျေးမှုတွင် နေဘုရားများ၊ လဘုရားများ၊ မိုကြိုးဘုရားများနှင့် အခြားသော ဘုရားပေါင်းများစွာ ရှိခဲ့သည်။ တချို့သော မူလအမေရိကန် တိုင်းရင်းသားတို့ကို ဥရောပတိုက်သားများက တွေ့ရှိချိန်တွင် မဟာဝိညာဉ်ဟုခေါ်သည့်အရာကို ကိုးကွယ်နေခဲ့ကြသည်ဟု ဆိုသည်။ ရှေးခေတ်ဂျူးလူမျိုးများသည် ကမ္ဘာမြေကြီးဖန်ဆင်းရှင် ယာဝေးကို ကိုးကွယ်ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်တိုင်း၏ ကိုယ်ထဲတွင် သာလွန်မြင့်မားသည့်စွမ်းအားနှင့် ဆယ်နွယ်လိုသည့် တစ်စုံတစ်ခုသောအရာ ရှိနေသည်မှာ သေချာလှပေသည်။

2 minutes

သမ္မာကျမ်းစာတွင် အောက်ပါအတိုင်း ဖတ်ရသည်။ ”သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏”_(ဗျာဒိတ်ကျမ်း၊ ၂ဝ:၁၂)။ ဘုရားသခင် မှတ်တမ်းထားသည်မှာ ဤကျမ်းပိုဒ်က သက်သေဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ မာရီလန်းပြည်နယ်မှ လူငယ်တစ်ဦးဖြစ်သူ ဂျိုဆွာဟဲရစ်သည် ပွာတိုရီကိုနိုင်ငံတွင် အချိန်အတန်ကြာ နေထိုင်ခဲ့သည်။ တစ်ညတွင် အိပ်မက်တစ်ခု မက်ရာ မိမိ၏ ယုံကြည်ခြင်းကင်းမဲ့မှုကို ပဲ့ပြင်သည့်အနေဖြင့် ဘုရားသခင်မှ ပေးမက်သည်ဟူ၍ ခံစားမိလေသည်။ သည်အိပ်မက်သည် ယေရှုခရစ်ကိုယ်တော်တိုင်နှင့် အသွေးတော်၏ အသက်တာပြောင်းလဲစေနိုင်သော တန်ခိုးစွမ်းအားကို ဂျိုဆွာဟဲရစ်အား ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုအိပ်မက်အကြောင်းကို မိတ်ဆွေအပေါင်းတို့အား ဝေမျှလိုပါသည်။ *** အိပ်မက်အခန်းလေး

4 minutes

”ထို့ကြောင့် သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။” (ရှင်ယောဟန်၊ ၈:၃၆) လူသားတိုင်း လွတ်လပ်လိုကြသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ တွေးတောခွင့်၊ ကိုးကွယ်ခွင့်နှင့် ရေးသားဖော်ပြခွင့်တို့သည် ယနေ့ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများစွာ၏ အခြေခံ ဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးသည် တရားဥပဒေချိုးဖောက်သူများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်တားဆီးရန် လိုအပ်ကြောင်းကို သိရှိပြီးဖြစ်သည်။ သို့မှသာ အခြားသူများအဖို့ ၎င်းတို့ ရသင့်ရထိုက်သော လွတ်လပ်ခွင့်ကို ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် အကျဉ်းထောင်များ ရှိနေရသည်။ နိုင်ငံတစ်ခု၏ ဥပဒေကို ချိုးဖောက်သူများသည် အကျဉ်းထောင်တွင် စံမြန်းရပေမည်။ လူတို့သည် ဖော်ပြပါလွတ်လပ်မှုများကို ရရှိထားသော်လည်း အမှန်တကယ်ပင် လွတ်မြောက်ပြီလော၊ သို့တည်းမဟုတ် လူများစွာတို့သည် တစ်စုံတစ်ခုသော အကျဉ်းထောင်ထဲတွင် ရောက်နေသလော။ သမ္မာကျမ်းစာ သွန်သင်ချက်မှာ လူတို့သည် လွတ်လပ်မှုကို ရှာဖွေဆဲမှာပင် အနှောင်အဖွဲ့ ခံနေရသည်ဟု ဆိုထားသည်။ မုသာစကားတစ်ခွန်း ဆိုသောသူသည် ထိုမုသာ၏ အချုပ်အနှောင်ထဲသို့ ကျရောက်သောကြောင့် ပထမမုသာစကားကို ဖုံးအုပ်ရန်အတွက် ကြိမ်ဖန်များစွာ လိမ်လည်လိမ့်ဦးမည်ဖြစ်သည်။ ဆေးလိပ်သောက်သူ၊ အရက်သေစာ သုံးစွဲသူ၊ သို့မဟုတ် မူးယစ်ဆေးသုံးစွဲသူတို့သည် ဆေးဖြတ်လိုသည့်အချိန်တွင် မဖြတ်နိုင်တော့သည့်အဖြစ်ကို နောင်သောအခါတွင် တွေ့ကြုံရကြသည်။ မြောက်များစွာသော လူတို့သည် ထိမ်းမြားသစ္စာကို သာယာမှုအတွက် ချိုးဖောက်ကြရာ အဆုံးတွင် သာယာမှုလည်းမတွေ့၊ မိသားစုလည်း ပျက်ရပေသည်။ ဤအရာများသည် အပြစ်တရားမှ ယူဆောင်လာသည့် ချည်နှောင်မှု၏ သက်သေသာဓကများ ဖြစ်သည်။

2 minutes