ရှာဖွေမှုအညွှန်းကို ဖွင့်နေသည်…
လတ်တလော ရှာဖွေမှုများ မရှိပါ။
ရလဒ်မရှိပါ။ အတည်ပြုပါ "Query here"
အလိုက်ရှာပါ။ FlexSearch
ဖန်ဆင်းရှင် အမှန်ရှိသလော။ ဘုရားသခင်၊ သို့မဟုတ် စကြာဝဠာအုပ်စိုးရှင်သည် အမှန်ရှိ၏လော။ အမှန်ရှိကြောင်း မည်သို့ သိနိုင်မည်နည်း။ ဤမေးခွန်း၏အဖြေသည် အရေးကြီးဆုံးသော အဖြေဖြစ်သည်။ အဘယ့်ကြောင့်မူ ဖန်ဆင်းရှင် အမှန်တကယ် ရှိသည်ကို မသိကျိုးကျွန်ပြုလျှင် မည်သို့သော အကျိုးဆက်များ ခံရမည်နည်းဟူသော အချက်ကြောင့် ဖြစ်သည်။ ဤအဖြေကို စူးစမ်းရှာဖွေနေသည့် မေးခွန်းပေါင်းများစွာ ရှိသည်။ ဤလောကသို့ အဘယ့်ကြောင့် ရောက်နေရသနည်း။ မိမိသည် မည်သည့်အရပ်က လာသနည်း။ တမလွန်ဘဝတွင် မည်သို့ဖြစ်ပျက်မည်နည်း။ ဘဝရည်ရွယ်ချက်အမှန်သည် အဘယ်နည်း။ မိမိ၏ ဖြစ်တည်မှုအတွက် အကြောင်းရင်းမှန် တစ်ခုခုတော့ ရှိရမည်။ လူတို့သည် ခေတ်အဆက်ဆက်တွင် မိမိတို့ထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ကိုးကွယ်ဆည်းကပ်ရမည်ဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ ရှေးခေတ်ယဉ်ကျေးမှုတွင် နေဘုရားများ၊ လဘုရားများ၊ မိုကြိုးဘုရားများနှင့် အခြားသော ဘုရားပေါင်းများစွာ ရှိခဲ့သည်။ တချို့သော မူလအမေရိကန် တိုင်းရင်းသားတို့ကို ဥရောပတိုက်သားများက တွေ့ရှိချိန်တွင် မဟာဝိညာဉ်ဟုခေါ်သည့်အရာကို ကိုးကွယ်နေခဲ့ကြသည်ဟု ဆိုသည်။ ရှေးခေတ်ဂျူးလူမျိုးများသည် ကမ္ဘာမြေကြီးဖန်ဆင်းရှင် ယာဝေးကို ကိုးကွယ်ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်တိုင်း၏ ကိုယ်ထဲတွင် သာလွန်မြင့်မားသည့်စွမ်းအားနှင့် ဆယ်နွယ်လိုသည့် တစ်စုံတစ်ခုသောအရာ ရှိနေသည်မှာ သေချာလှပေသည်။