”ထို့ကြောင့် သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။” (ရှင်ယောဟန်၊ ၈:၃၆) လူသားတိုင်း လွတ်လပ်လိုကြသည်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ တွေးတောခွင့်၊ ကိုးကွယ်ခွင့်နှင့် ရေးသားဖော်ပြခွင့်တို့သည် ယနေ့ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများစွာ၏ အခြေခံ ဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးသည် တရားဥပဒေချိုးဖောက်သူများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်တားဆီးရန် လိုအပ်ကြောင်းကို သိရှိပြီးဖြစ်သည်။ သို့မှသာ အခြားသူများအဖို့ ၎င်းတို့ ရသင့်ရထိုက်သော လွတ်လပ်ခွင့်ကို ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် အကျဉ်းထောင်များ ရှိနေရသည်။ နိုင်ငံတစ်ခု၏ ဥပဒေကို ချိုးဖောက်သူများသည် အကျဉ်းထောင်တွင် စံမြန်းရပေမည်။ လူတို့သည် ဖော်ပြပါလွတ်လပ်မှုများကို ရရှိထားသော်လည်း အမှန်တကယ်ပင် လွတ်မြောက်ပြီလော၊ သို့တည်းမဟုတ် လူများစွာတို့သည် တစ်စုံတစ်ခုသော အကျဉ်းထောင်ထဲတွင် ရောက်နေသလော။ သမ္မာကျမ်းစာ သွန်သင်ချက်မှာ လူတို့သည် လွတ်လပ်မှုကို ရှာဖွေဆဲမှာပင် အနှောင်အဖွဲ့ ခံနေရသည်ဟု ဆိုထားသည်။ မုသာစကားတစ်ခွန်း ဆိုသောသူသည် ထိုမုသာ၏ အချုပ်အနှောင်ထဲသို့ ကျရောက်သောကြောင့် ပထမမုသာစကားကို ဖုံးအုပ်ရန်အတွက် ကြိမ်ဖန်များစွာ လိမ်လည်လိမ့်ဦးမည်ဖြစ်သည်။ ဆေးလိပ်သောက်သူ၊ အရက်သေစာ သုံးစွဲသူ၊ သို့မဟုတ် မူးယစ်ဆေးသုံးစွဲသူတို့သည် ဆေးဖြတ်လိုသည့်အချိန်တွင် မဖြတ်နိုင်တော့သည့်အဖြစ်ကို နောင်သောအခါတွင် တွေ့ကြုံရကြသည်။ မြောက်များစွာသော လူတို့သည် ထိမ်းမြားသစ္စာကို သာယာမှုအတွက် ချိုးဖောက်ကြရာ အဆုံးတွင် သာယာမှုလည်းမတွေ့၊ မိသားစုလည်း ပျက်ရပေသည်။ ဤအရာများသည် အပြစ်တရားမှ ယူဆောင်လာသည့် ချည်နှောင်မှု၏ သက်သေသာဓကများ ဖြစ်သည်။

English French Portuguese Russian Spanish Waray (Philippines)

2019၊ 1 ဩဂုတ် in  2 minutes